Showing posts with label ကြားရသမျှ. Show all posts
Showing posts with label ကြားရသမျှ. Show all posts

Wednesday, December 3, 2008

ပြောမပြောချင်တော့ပါဘူး

ဒီရက်ပိုင်းမှာ ကျောင်းကိစ္စတွေရှုပ်နေတာနဲ့ပဲ အသစ်ဘာမှမရေးဖြစ်ဘူး။ ဒါပေမယ့် ဒီနေ့မှ Google မှာသီချင်းရှာရင်းနဲ့ Opposite Eye ရဲ့ ဘလော့ကိုရောက်သွားတယ်။ “ပြည်တွင်းမုန်တိုင်းနဲ့ ပြည်ပမုန်တိုင်း” ဆိုတဲ့ post ကိုရောက်သွားတာပါ။ ဒီလင့်မှာသွားဖတ်လို့ရပါတယ်။ http://oppositeyes.blogspot.com/2008/05/blog-post_08.html
ဖတ်ပြီးလို့ဒေါသတွေအလိပ်လိုက်ထွက်လာမှာတော့စိုးရတယ်။ ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်ရင်တော့သွားပေါ့။ တော်ကြာ ရုရှားလိုက်ပြီးလူသတ်ချင်စိတ်တွေပေါ်လာမှာစိုးလို့။ သူတင်ထားတော့ကြာပါပြီ။ ဒါပေမယ့် ရေးထားတာတွေကတကယ့်ကို ဖော်လံဖား၊ ဖတ်ရတာလေ ဟိုပုံပြင်ထဲကလို ဘာမှဝတ်မထားတဲ့ ဘုရင်ကို အရှင်ဘုရားဝတ်လဲတော်ကအရမ်းလှတယ်ဘုရားဆိုတဲ့အချိုး။ မျက်စိစုံမှိတ်၊ အပြစ်လွတ်ရင်ပြီးရော၊ ကိုယ်စားသာရင်ပြီးရော ဆိုတဲ့ဒီဇိုင်းနဲ့စွတ်ရွတ်ကိုတင်နေတော့တာပဲ။ မပြောတော့ဘူးဆိုပေမယ့်လည်း comment တော့ပေးခဲ့သေးတယ်။ ဒါပေမယ့် သူက comment တွေကို moderate လုပ်ပြီးမှလက်ခံမယ်တဲ့။ မဟုတ်တာလုပ်တဲ့သူဆိုတော့ သူများဆဲမှာကြောက်တယ်ထင်တယ်။ လောလောဆယ် အသစ်ရေးဖို့လဲအချိန်မပေးနိုင်ပေမယ့် အဲဒီမှာပေးခဲ့တယ့် comment ကိုပဲပြန်ကူးပေးလိုက် တယ်။ ဒီအကြောင်းအရာကိုပဲ သူများတွေကိုသိစေချင်တာမို့လို့ပါ။

“အစတုန်းကတော့ ၀င်မပြောဘဲနေမလို့ဘဲ။ ဒါပေမယ့် ပြောစရာလေးတစ်ခုရှိလာလို့။ ဖြစ်ပြီးတဲ့ တခြားအရာတွေအားလုံးကို ထားလိုက်မယ်ဆို ရင်တောင် အားလုံးလည်း သိပ်မသိသေးတဲ့ အကြောင်းအရာတစ်ခု ရှိနေသေးတယ်။ အဲဒါဘာလဲ ဆိုတာ ကိုပြောပြမယ်။ UN, ICRC နဲ့ တခြား NGO ကလူတွေ တော်တော်များများလည်း ဒီအကြောင်း ကိုသိနေကြပြီ။ ဧရာဝတီတိုင်း အောက်ဘက်က ကရင်ရွာတွေတော်တော်များများက ရွာလုံးကျွတ်မုန်တိုင်းမှာ ပျောက်ကုန်ကြတယ်။ တော်တော်ကို ကံကောင်းလို့ မသေကြတဲ့ ရွာသူရွာသားတွေဟာ ကယ်ဆယ်ရေးစခန်း တွေကိုမသွားရဲဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်က အဲဒီလူတွေကိုတွေ့ရင် အပျောက်ရှင်းပစ်နေလို့ပဲ။ ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေရဲ့ ပြောပြချက်အရ ဒါတွေကိုကိုယ်တို့ပြန်သိရတယ်။ သေဘေးက ကံသီလို့ လွတ်လာတဲ့သူတွေကတော့ အကြောင်းမဲ့သက်သက်ညာပြောမယ်ထင်သလား။ မင်းတို့တွေးကြည့်နော်။ နအဖ သိပ်တော်တယ်။ သူတို့ထိုင်ခုံကိုမြဲအောင်လုပ်တဲ့နေရာမှာ ဘယ်လိုနည်းမဆိုသူတို့သုံးတာ။ အဲဒီကရင်ရွာတွေက အရင်တုန်းက ကွန်မြူနစ်နယ်မြေ။ ကွန်မြူနစ်တွေကိုထောက်ခံခဲ့တယ်။ အခုမုန်တိုင်းက သူတို့ရဲ့အတိုက်အခံကို သူတို့ရှင်းစရာမလိုဘဲ ရှင်းပစ်တာ သူတို့သိပ်ကြိုက်တာပေါ့။ နအဖရဲ့ သိပ်တော်တဲ့ လူသတ်ဗျူဟာတွေပေါ့ကွယ်။ နအဖကို ဘုရားလိုကိုးကွယ်နေတဲ့ကောင်တွေကရော ဒီလိုလူသတ်ဗျူဟာတွေကိုလည်း အားပေးနေတာပဲ လားတော့ နားမလည်နိုင်တော့ဘူး။ မင်းတို့တွေးကြည့် နော်။ အဲဒီရွာတွေ ရွာလုံးကျွတ်ပျောက်ကုန်ဦးတော့၊ ကိုယ်တို့ တခြားဒေသကလူတွေကမသိနိုင်ဘူး။ အဲဒီရွာတွေက မြေပုံပေါ်မှာရှာလည်းမတွေ့နိုင်ဘူးလေ။ ဘယ်သူမှမသိလိုက်ဘဲ ဒီရွာတွေမြန်မာမြေပုံပေါ်က လွတ်သွားမယ့်အခွင့်အရေးကို နအဖကဘယ်အလွတ် ခံချင်မလဲ။ ကျန်နေရင်ရှင်းပစ်ပေါ့။ တစ်နိုင်ငံလုံးက ၀မ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူတို့ကမဲဆွယ်တာကို မလျှော့ဘူး။ လူတွေက ဒေါသထွက်တယ်။ လူတွေရဲ့ အာရုံက အဲဒီကိုစုပုံရောက်နေတဲ့အချိန် တဘက်မှာ သူတို့လူသတ်ပွဲတွေဆင်နွှဲနေတယ်။ ကိုယ်ကတော့ ဒီပိုစ့်တင်တဲ့သူကို သူများတွေမေးပြီးသား မေးခွန်းပဲထပ်မေးချင်တယ်။ “မင်းအမျိုးအဆွေ သူငယ်ချင်း ဘယ်နှစ်ယောက်မုန်တိုင်းမှာ ပါသွားသလဲ” လို့။ ”

အဲဒါကိုယ်သူ့ကိုပေးခဲ့တဲ့ comment ပါ။ မပြောချင်ပေမယ့် ပြောစရာအကြောင်းတွေပေါ်ပေါ်လာတော့ ပြောနေရတယ်။